ရင့်ကျက်တယ်ဆိုတာဟန်ဆောင်တတ်လာတာမဟုတ်ရင်ဘယ်လိုမျိုးခေါ်တာလဲ ??
ရင့်ကျက်လာရင် ဘာမှမပြောတော့ဘူး
စိတ်ထဲမှာဘဲ ဘာဆိုဘယ်လိုမှတ်ထားလိုက်တယ်။
ပြီးရင် လျစ်လျူရှုလိုက်တယ်။
နှလုံးသားထိအရောက်မခံဘူး။
ရင့်ကျက်တယ်ဆိုတာ
ဟန်ဆောင်တတ်လာတာမဟုတ်ဘူး။
နားလည်ပေးတတ်လာတာ။
နှစ်ဦးနှစ်ဖက်နေရာကနေ ဘာဖြစ်သင့်တယ်ဆိုတာ သိလာတာ။
ရင့်ကျက်တယ်ဆိုတဲ့စကားလုံး ခွဲခြမ်းစိတ်ဖြာကြည့်ရင်…..
"ရင့်" အချိန်ကာလ ဖြစ်ရပ်တွေ ရင့်တန်လာတဲ့အခါကျရင် "ကျက်"ဆိုတဲ့ ဒဏ်ရာတွေ အချိန်တန် ကျက်ရမယ်။ ဒဏ်ရာမကျက်သေးရင်တော့ ရင့်မကျက်သေးဘူးပေါ့။
ဒဏ်ရာ ဆိုတာ
ကိုယ်မှားလို့ရတာရှိမယ်။
သူများပေးလို့ ကိုယ်ရတာရှိမယ်။
ဘယ်လိုသောခြေအနေမှာရခဲ့ရခဲ့
မင်း စိတ်ဒဏ်ရာကို နှလုံးသားထဲထိရောက်အောင် မကျန်ခဲ့စေရဘူး။
ကိုယ်ဒဏ်ရာရနေချိန်ကျ
ကိုယ့်ဒဏ်ရာ အရှိန်ကိုယ်အသိနိုင်ဆုံးပါ။
ကိုယ့်ဒဏ်ရာကို ကိုယ်ကုစားတတ်ရမယ်။
မှတ်ထားပါ…….
ဘယ်သူမှ ကိုယ့်လောက် သမားတော်မကျဘူး
အချိန်ဆိုတဲ့ ဆရာကတော့ မင်းကုသလို့ရအောင် အခွင့်အရေးတစ်ခုပေးမယ်။
မင်းကိုယ်တိုင် သမားတော်အဖြစ်ခံယူပြီး ကုသဖို့တော့လိုမယ်။
ရင့်ကျက်လာဖို့
ဒဏ်ရာနဲ့အချိန် စတေးပေးခဲ့ရတယ်။
မင်းကတော့ လူနာထိုင်လုပ်နေလို့မဖြစ်ဘူး။
မင်းဒဏ်ရာပျောက်တဲ့တစ်နေ့
မင်းရင့်ကျက်လာတဲ့နေ့ဘဲ ။
ငါ့ကိုမင်းလျှောက်တဲ့လမ်းမှာ တွေ့ခဲ့ရင် လှမ်းခေါ်ပါ မိတ်ဆွေ
ငါလဲကြိုးစားပြီးလျှောက်လှမ်းနေမှာပါ ။
ချစ်ခြင်းများစွာဖြင့်
[စာတစ်ပုဒ်ဟာ မိတ်ဆွေတို့အတွက်စိတ်ဓါတ်ခွန်အားဖြစ်ရပါလို၏ ……………]